လူတွေဟာ နှစ်သက်ရာသီချင်းတွေကို အကြိမ်ကြိမ်နားထောင်ပြီး စိတ်သက်သာရာ ရယူလေ့ရှိကြောင်း လေ့လာတွေ့ရှိ

ချီကာဂို ၁၉ ဖေဖော်ဝါရီ

 

ချီကာဂိုပြည်နယ် မီချီဂန် တက္ကသိုလ်က သုတေသနပြုလုပ်သူတွေရဲ့ လေ့လာချက်များအရ လူတွေဟာ အကြိုက်ဆုံး တေးသီချင်းတွေကို ထပ်ကာထပ်ကာနားထောင်ပြီး သူတို့ရဲ့ စိတ်ညစ်စရာတွေကို ကုစားလေ့ရှိကြောင်း ထုတ်ပြန်လိုက်ပါတယ်။

 

၂၀၁၃ ခုနှစ်က အွန်လိုင်းမေးခွန်တွေပြုစုပြီး လူ၂၀၄ ယောက်ရဲ့ အတွေ့အကြုံကတစ်ဆင့် လေ့လာမှုမှာ ၈၆ ရာခိုင်နှုန်းဟာ နေ့စဉ် ဒါမှမဟုတ် တစ်ပတ်အတွင်း အချို့အချိန်တွေမှ သူတို့ အကြိုက်ဆုံးတေးသီချင်းတွေကို ထပ်ခါထပ်ခါ နားထောင်လေ့ရှိကြောင်းသိရပါတယ်။ အဲဒီထဲကမှ ၄၃ ရာခိုင်နှုန်းဟာ တစ်နေ့ကို သုံးကြိမ်လောက် ပြန်လည်နားထောင်လေ့ရှိကြောင်းနဲ့ ၆၀ ရာခိုင်နှုန်းဟာ အကြိမ်ရေများစွာ ပြန်လည်နားထောင်လေ့ရှိကြောင်းသိရပါတယ်။ ၆ ရာခိုင်နှုန်းဟာ သီချင်းကို မဖွင့်ခင်ကတည်းက အလောသုံးဆယ် နားထောင်လိုစိတ်ရှိကြတယ်လို့ သိရပါတယ်။

 

လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ စိတ်ပညာပါမောက္ခ ဖရက်ဒရစ်ကတော့ “ ဒါဟာ သီချင်းနားထောင်သူတွေဟာ သီချင်းတွေထဲကို စိတ်နှစ်ထားတယ်ဆိုတာ သိသာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

 

သုတေသနမှာ ပါဝင်ခဲ့သူ ဂီတပညာ တွဲဖက်ပါမောက္ခ ဂျေဆန်ကော်ရေး ကတော့ “ သီချင်းကို ထပ်ကာထပ်ကာ နားထောင်နေရတဲ့ ထင်ရှားတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ အဓိကအားဖြင့်တော့ သီချင်းရဲ့ တေးသွားပေါ့” လို့ ပြောခဲ့ပါတယ်။ နှစ်သက်တဲ့ သီချင်းကို ပိုနားထောင်ဖြစ်လေလေ နက်နက်ရှိုင်းရှိုင်းကြားယောင်လေပဲလို့ သုတေသနရလဒ်တွေက အဆိုပြုထားပါတယ်။

 

MDN

 

ကိုးကား - ဆင်ဟွာ