လှိုင်းဘွဲ၊ ၃၀ ဒီဇင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အထက်ရေပူကျေးရွာအုပ်စု ကျောင်းရေကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားကို ကျောင်းရေပူကျောင်းဆရာတော်၊ အထက်ရေပူအုပ်စုအုပ်ချုပ်ရေးမှူးဦးစိမ့်စမ်း၊ ကျောင်းရေပူကျေးရွာ ရာအိမ်မှူးဦးဖြူတို့နှင့် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက် အင်ဂျင်နီယာ အကြံပေး ဒေါ်ခင်မေကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လစ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကွန်ကရစ်လမ်းသည် (အရှည် ၂၁၃၆ ပေ X အကျယ် ၁၂ပေ X ထု ၆လက်မ) ဖြစ်ပြီး လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေကျပ်(၁၉၄၉၈၁၅၀)၊ လူထုထည့်ဝင်ငွေကျပ် (၇၆၂၆၈၀၀) တို့ဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး   ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အောင်မြင်စွာပြီးစီးခဲ့သည်။

 

ထိုသို့ လမ်းဖွင့်လှစ်ပေးနိုင်ခဲ့မှုကြောင့် ကျောင်းရေပူကျေးရွာမှ အိမ်ထောင်စု ၁၄၉စု၊ လူဦးရေ ၈၀၇ ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး အဆင်ပြေလာပြီဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn