သရက်ချောင်း ၂၀ ဇူလိုင် 


တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

IMG_201


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက အဖွင့်မှာစကားကို ပြောကြားခဲ့ပြီး သင်တန်းကို ဆက်လက်ပို့ချခဲ့သည်။ သင်တန်းနည်းပြများအဖြစ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာလွင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီအရာရှိ ဦးသာထွန်းအောင် တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ရပ်ကွက်/ကျေးရွာများမှ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဌ၊ ကျန်းမာရေးဌာနဝန်ထမ်း၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံကိန်းဦးစီးဌာန ဝန်ထမ်းနှင့် ရပ်ကျေးစာရေးများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၆၄) ဦးကို ၁ ၂ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နိုင်ဝင်း(ပြန်/ဆက်)

 

e IMG_20