လောက်ကိုင်၊ ၁၉ မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ လောက်ကိုင်မြို့နယ်ရုံး၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေး အပ်ပွဲအခမ်းအနားကို မေ ၁၉ ရက် နံနက် ၁၀ နာရီက ကျင်းပရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဦးခင်မောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လောက်ကိုင်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ လောက်ကိုင်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်၊ လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်ချောချောအေး၊ လောက်ကိုင်မြို့နယ် ဦးစီးမှူး ဦးတင်ကိုကိုသန်းတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသား (၃၂)ဦး၊ အမျိုးသမီး (၃၈)ဦးတို့အား အသီးသီးပေးအပ်ခဲ့ကြပြီး တက်ရောက်လာသည့် မိဘပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ လောက်ကိုင်မြို့ပေါ်ရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု (၅)စုရှိ အသက်(၁၆)နှစ်နှင့်အထက် အမျိုးသား (၁၃၆၁) ဦး၊ အမျိုးသမီး (၁၄၀၆)ဦး၏ တစ်ဦးချင်း အမည်စာရင်းအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ စာရင်းပြုစုပေးပို့ပြီး အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိစိစစ်ကာ ကိုင်ဆောင်သင့်သည့်  ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

လောက်ကိုင် (ပြန်/ဆက်)

mdn