မောင်တော ဒီဇင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ရုံးမှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ရိပ်သာခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် စံပြဆုရရှိခဲ့သူ ဒေါ်ဆုလှိုင်မိုး (ဒုတိယလက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူး)နှင့် စစ်ရေးပြ အကောင်းဆုံးဆု ရရှိခဲ့သူ ဒေါ်ခင်မီမီကျော် (ဒုတိယလက် ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး)တို့ နှစ်ဦးနှင့် စစ်ရေးပြ သင်တန်းနည်းပြ နှစ်ဦးတို့အား ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မောင်တောခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ မောင်တောခရိုင်မှ သင်တန်းသား သင်တန်းသူ ၂၂ ဦး နှင့် အနောက်ဘက် နယ်စပ်ဒေသမှ ဝန်ထမ်း နှစ်ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၄ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၅ ရက်မှ ၂၂ ရက်ထိ ၇ ရက်ကြာ ပို့ချပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)