မြိတ် အောက်တိုဘာ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်အတွင်း လုပ်ငန်းခွင်ဝင်မည့် အမှုထမ်း သစ်များအား ဘာသာရပ်ဆိုင်ရာ သင်တန်းကို အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီက မြိတ်ခရိုင် ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ပြီး သင်ခန်းစာများ ပို့ချလျက်ရှိသည်။
သင်တန်းသို့ မြိတ်ခရိုင်ရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ရုံးများ၌ အသစ်ခန့်အပ်ခဲ့သည့် အမှုထမ်း ၂၃ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ ရှစ်ဦးက အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


