တောင်တွင်းကြီး  ၂၁  မေ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာ ကွင်းအမှတ်(၂၇၂၉) ချောင်းနက်အရှေ့ကွင်းရှိ  လယ်ဧက (၁၅၀)အား အကျိုးပြုမည့် မလိုမြောင်းအား စက်ယန္တရားများ အသုံးပြု၍ မေ ၁၆ ရက်မှစတင်ကာ ကိုယ်ထူကိုယ်ထ တူးဖော်လျက်ရှိကြောင်း သိရသည်။

"အခုတူးဖော်နေတဲ့ မလိုမြောင်းက အရှည်ပေ ၇၀ဝ၀ ကျော်၊ အကျယ် ၆ ပေ၊ အနက် ၃ ပေ ရှိပါတယ်၊ ရေမြောင်းတူးဖော်ပြီးရင် တောင်သူ ၆၅ ဦးရဲ့ လယ်ဧက ၁၅၀ ကို အကျိုးပြုမှာပါ။ မြောင်းရေသောက်ရတဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးမြေများ အောင်ရေရမယ်။ မိုးသီးနှံဖြစ်တဲ့ နှမ်းတို့၊ ပြောင်းတို့လည်း ရေနစ်တဲ့ဘေးက လွတ်ကင်းမှာ ဖြစ်ပါတယ်"ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ပြောသည်။

 

‌ေ

 

အဆိုပါရေမြောင်း တိမ်ကောနေခြင်းကြောင့် ရေလျှံမှုများ ဖြစ်ပေါ်နေပြီး မိုးသီးနှံမှာ နှစ်စဉ် နှစ်တိုင်း ဧက ၁၅၀ ခန့် ပျက်ဆီးဆုံးရှုံးနေသည့်အတွက် တောင်သူများစုပေါင်းပြီး တစ်ဧကလျှင် တစ်သောင်းနှုန်းကောက်ခံကာ ကိုယ်ထူကိုယ်ထ တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)