ဗန်းမော်  ၂၈    ဇန်နဝါရီ   

 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နိမိတ်ခြင်း ထိစပ်နေသော နယ်စပ်မြို့ဖြစ်သည်နှင့်အညီ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်ပြန့်ပွားမှု မရှိစေရေးအတွက် နယ်စပ်အဝင်/အထွက်ဂိတ်အမှတ်(၁)နှင့်(၂)တို့တွင် ဝင်ထွက်သွားသူများအား ကျန်းမာရေးစစ်ဆေးမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့်ဝန်ထမ်းများ၊ လွယ်ဂျယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာလှအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်ကာ  စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

 

mdn

 

အလားတူ ဇန်နဝါရီလ ၂၈ ရက် နံနက်(၁ဝ)နာရီက နယ်စပ်စစ်ဆေးရေးဂိတ် အမှတ် (၁)၊(၂)နှင့် နယ်စပ်လမ်းတစ်လျှောက် တရုတ်နိုင်ငံသို့ ဝင်ထွက်သွားလာသူ ခရီးသွားပြည်သူများအား မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ လွယ်ဂျယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာလှအောင်၊ နယ်စပ်စစ်ဆေးရေးစခန်း အဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Face Masks) ခုရေ ၂ဝဝ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းနိုင်(ပြန်/ဆက်)

 

mdn