လွယ်ဂျယ် ၁၀ မေ

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ကုန်များ လှူဒါန်းပေးအပ်ခြင်းကို မေ ၁ဝ ရက် နံနက် ၁ဝ နာရီက ပြည်သူ့ဆေးရုံတွင် ကျင်းပရာ နယ်မြေခံတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစိုးမင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များတို့က တက်ရောက်ခဲ့ကြသည်။

 

အဆိုပါလှူဒါန်းပေးအပ်ရာတွင် လွယ်ဂျယ်မြို့ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ ကျန်းမာရေးသုံး ပစ္စည်းများဖြစ်သော ခြင်ဆေးခွေ(၂)ဖာ၊ ပိုးသတ်ဆေး(၂)ပုံး၊ နှာခေါင်းစည်း (၂ဝဝဝ)ခုနှင့် ဆေးရုံဝန်ထမ်းမိသားစုများအတွက် စားသောက်ကုန်ဖြစ်သည့်  ဆန်(၁ဝ)အိတ်၊ ခေါက်ဆွဲခြောက် (၂ဝ)ဖာ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁)သိန်းကို ပေးအပ်လှူဒါန်းကြကာ လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာလှအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းနိုင်(ပြန်/ဆက်)