ရေတာရှည် ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးသည့် ဒေသအချို့တွင် ရွှေခရုများ ကျရောက်၍ စပါးစိုက်ခင်းများစွာ ပျက်စီးလျက်ရှိကြောင်း တောင်သူများ၏ တင်ပြချက်အရ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က ဇူလိုင် ၅ ရက်တွင် ဒိုးတန်းကျေးရွာအုပ်စုအတွင်း ဒေသခံတောင်သူများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေခရုများ ကျရောက်လျက်ရှိသည့် ၆၄၆-က၊ ၆၄၇-က ၊ ၆၄၇-ခ၊ ၆၄၇- ဂ အစရှိသော ကွင်းလေးကွင်း၌ မိုးစပါးစိုက်ပျိုးပြီးသည့် လယ်မြေ ၉၂ ဧကပျက်စီးခဲ့ရပြီး တောင်သူများအနေဖြင့် အချိန်မီ ပြန်လည် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)