ကောလင်း  ၂၄  ဖေဖော်ဝါရီ     

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ လယ်မြေဧက (၇၀ဝ၀) ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် စင်လင်ချောင်း၌ သဲနုန်း တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သိန်း ၂၀ဝ၀ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

96325

 

ကောလင်းမြို့နယ်ရှိ ချောင်းကွေ့၊ အလယ်ကုန်း၊ ဝါးရုံးခုန် ၂၊ ဥမှင်ကုန်း၊ တောင်ပလူကျေးရွာများမှာ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင်  စင်လင်ချောင်းမှ ရေစီးဆင်းမှု နည်းပါးခြင်းတို့ကြောင့် လယ်မြေဧက ၇၀ဝ၀ ကျော်တို့သည် ရေကြီးနစ်မြုပ်ခံခဲ့ရပြီး ၎င်းကျေးရွာများရှိ တောင်သူလယ်သမားများမှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း ချောင်းကွေ့ကျေးရွာနေ တောင်သူ ဦးမောင်လတ်၏ ပြောပြချက်အရ သိရသည်။

 

63.

 

စင်လင်ချောင်း တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရာ၌ မြေပြင်တိုင်းတာခြင်း လုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနှင့် အဖွဲ့တို့က ဆောင်ရွက်ခဲ့သည်။ စင်လင်ချောင်းတူးဖော်ပြီးစီးပါက နှစ်စဉ်လယ်မြေဧက(၇၀ဝ၀)ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ပြီး နွေစပါးစိုက်ပျိုးရာသီတွင်လည်း နွေစပါးဧက (၂၀ဝ၀) ကျော်ကိုလည်း ရေဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)