ဆီဆိုင် ၂၀ ဧပြီ
ကျေးလက်နေပြည်သူများ လတ်တလော သောက်သုံးရေ အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာ အုပ်စုအတွင်းရှိ ရေအခက်အခဲ ကြုံတွေ့နေသည့် လွယ်ပွတ်ကျေးရွာသို့ ဧပြီ ၁၉ ရက်က သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့သည်။
သောက်သုံးရေ သွားရောက်လှူဒါန်းပေးရာတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မိသားစုနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က လွယ်ပွတ်ကျေးရွာရှိ အိမ်ခြေ (၃၀၀)ခန့် လူဦးရေ (၁၅၀၀) ဦးခန့်အတွက် သောက်သုံးရေ ဂါလံ ၃၂၀၀ အား စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ခွန်ရဲထွေး(ဆီဆိုင်)