လယ်ဝေး ဇွန် ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားများ၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ ဇွန် ၂၁ ရက်တွင် သပြေပင်ကျေးရွာမှ ပြည်သူ ၂၂၈ ဦး၊ နောင်ဘိုကျေးရွာမှ ပြည်သူ ၂၃၄ ဦး စုစုပေါင်း ၄၆၂ ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)