လယ်ဝေး၊ အောက်တိုဘာ ၄
လယ်ဝေးမြို့နယ်အတွင်း ကမ်းပါးပြိုခြင်းကြောင့် လူနေအိမ် ဖျက်သိမ်းပြောင်းရွှေ့ခြင်းနှင့် မိုးကြိုးပစ်ခြင်းကြောင့် လူသေဆုံးခြင်းတို့အတွက် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်၍ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ခဲ့သည့် မိသားစုများကို အားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


