လယ်ဝေး ဧပြီ  ၂၆

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာမှ လေးဘေးသင့် ပြည်သူများအတွက် ယာယီတဲမိုးကာများ လာရောက်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

 

 

အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများမှ လေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၁၃၅ သိန်းတန်ဖိုးရှိ ၁၂ ပေ × ၁၅ ပေ မိုးကာ ၁၀၀ ခု၊ ၉ ပေ × ၁၅ ပေ မိုးကာ ၆၁၀ ခု နှင့် ဘုန်းတော်ကြီး ကျောင်းများအတွက် မြက်ခင်းတုကော်ဇောများကို Myanmar YAO Mandalay Co.Ltd မှ တာဝန်ရှိသူ တစ်ဦးကလှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က လက်ခံရယူခဲ့ပြီး လှူဒါန်းပွဲအပြီးတွင် ကျေးရွာများအရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)