လယ်ဝေး ဧပြီ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အောင်မြင်ကုန်း ကျေးရွာနှင့် တံတားဦးကျေးရွာများသို့ စေတနာရှင်များက အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများအား နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိရာ ဧပြီ ၂၈ ရက် ညနေပိုင်းက လယ်ဝေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်၊ အအေး၊ ရေသန့်ဘူး၊ မုန့် ၊ အဝတ်အထည်များ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်းများ စသည်တို့ကို လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် လေဘေးသင့်ပြည်သူများအားဝေငှမည့် ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲဝေ ထုပ်ပိုးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)