နေပြည်တော် ဒီဇင်ဘာ ၇
လယ်ဝေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမည်၊ မှတ်ပုံတင်အမှတ် ထပ်နေသူများအား ပယ်ဖျက်နိုင်ရေး ဆောင်ရွက်နေမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ဦးနှင့် ဦးမြင့်သိန်းတို့သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက လယ်ဝေးမြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးကြည်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် တာဝန်ရှိသူများက လယ်ဝေးမြို့နယ်ရှိ ကျေးရွာအုပ်စု ၆၀ နှင့် ရပ်ကွက် (၇)ရပ်ကွက်တို့တွင် အမည်၊ မှတ်ပုံတင်အမှတ် ထပ်နေမှုများကို မြေပြင်စာရင်းနှင့် တိုက်ဆိုင်၍ ပယ်ဖျက်/ ပြင်ဆင် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဝေကြည်( ပြန်/ဆက်)