လယ်ဝေး မေ ၅
နွေရာသီ အခြေခံတိုက်ကွမ်ဒို အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၄ ရက်က ပြည်ထောင်စု နယ်မြေ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာ ဦးထွန်းထွန်းနိုင်က သင်တန်းသားများအား အခြေခံတိုက်ကွမ်ဒို သင်တန်းသင်ကြားပေးရခြင်း၏ အဓိကရည်ရွယ်ချက်များနှင့် သင်ကြားပို့ချပေးခဲ့သည့် အားကစားအမျိုးအစားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အလှူရှင်များအား ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင် တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာအား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်ပေးအပ်ကာ တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ နွေရာသီ အခြေခံတိုက်ကွမ်ဒိုအားကစားသင်တန်းကို လယ်ဝေးမြို့နယ် လူထု အခြေပြုဗဟိုဌာနတွင် ဧပြီ ၂၁ ရက်နေ့မှ မေ ၄ ရက်နေ့အထိ (၂)ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး အဆင့်မြင့် ဂျူဒိုသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)