လယ်ဝေးမြို့နယ်၌ နှမ်းစိုက်ဧရိယာဧက (၃၀၀) အတွင်း၌ စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုပြင်တူးဖော်ခြင်း ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် မေ ၁၉

မိုးကြိုရာသီများတွင် ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းမိုးများကြောင့် ဆီထွက်သီးနှံများ ပျက်စီး ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် ဆည်ရေသောက် ဧရိယာများအတွင်းရှိ စိုက်ခင်းများ ရေမဝပ်စေရေး ဆောင်ရွက်လျက်ရှိရာပြုပြင်ရန် လိုအပ်လျက်ရှိသော စိမ့်မြောင်း ပတ်မြောင်းများ ပြုပြင်တူးဖော်ခြင်းနှင့် စိမ့်မြောင်း ပတ်မြောင်းများမှ ထွက်လာသော ပိုလျှံရေများကို ထုတ်မြောင်းများမှတဆင့် စီးဆင်းသွားစေရန် ထုတ်မြောင်းများ ပြန်လည်တူးဖော် ဆောင်ရွက်ခြင်းတို့ကို တောင်သူများ၊ (ရေအသုံးချသူများအဖွဲ့) WUG များ နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး တောင်သူများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လယ်ဝေးမြို့နယ်၊ ချောင်းမငယ် ဆည်ရေသောက် ဧရိယာအတွင်း ပါဝင်သော ရေအိုးစဉ် ကျေးရွာအုပ်စုအတွင်းရှိ လက်တံ (၁၂) မြောင်းရေသောက် ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ဧရိယာ ဧက (၃၀၀) အတွင်း၌ စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုပြင်တူးဖော်ခြင်းနှင့် ထုတ်မြောင်းများမှ အမြန် ထုတ်နုတ်နိုင်ရေး ဆောင်ရွက်ခြင်းတို့အား ယမန်နေ့တွင် ရေအသုံးချသူ တောင်သူများနှင့် ဌာနဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်