နေပြည်တော် ၂၀   ဇန်နဝါရီ 

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲဖြူကျေးရွာအနီး ရုံးပင်ချောင်းအတွင်း၌ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ရှေးဟောင်းသစ်ထွင်းလှေ ၁ စီး တွေ့ရှိကြောင်း သိရသဖြင့် လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျား ၆၂ ပေ၊ လုံးပတ် ၉ ပေ ၄ လက်မခန့်ရှိ ရှေးဟောင်းသစ်ထွင်းလှေ ၁ စီးအား တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါလှေအား သစ်တော ဌာနက ထိန်းသိမ်းမည့်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)