နေပြည်တော် အောက်တိုဘာ ၁၉

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ စံပြကွက် ဧက ၁၀၀ ၌ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁׃၃) ရောစပ်ကြဲပက်ပွဲ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

 

ရှေးဦးစွာ နေပြည်တော် ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ဒေသခံ တောင်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်တို့က လိုအပ်ချက်များ တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စံပြစပါးစိုက်ကွင်းအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁׃၃) ရောစပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

နေဇော်ချစ်(ပြန်/ဆက်)