လယ်ဝေး ဧပြီ ၃၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများတွင် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား လာမည့်ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ပညာသင်ကြားနိုင်စေရန်အတွက် ပြန်လည်ပြုပြင်ခြင်း၊ ယာယီကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းများကို အချိန်မီပြီးစီးစေရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အောင်မြင်ကုန်း အ.လ.က(ခွဲ)တွင် ယာယီကျောင်းဆောင် ဆောက်လုပ်ခြင်း၊ အမိုးလန်ပျက်စီးသွားသည့် ကျောင်းဆောင်အား ပြန်လည်ပြုပြင်၍ သွပ်မိုးခြင်း၊ တံတားဦး အ.မ.က တွင် အမိုးလန်ပျက်စီးသွားသည့် ကျောင်းဆောင်အား သွပ်မိုးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဝေကြည်(ပြန်/ဆက်)