နေပြည်တော် ၂၃ မတ်

မတ် ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကျေးတန်းကူးကျေးရွာ၏ အရှေ့ဘက် (၄)ဖာလုံခန့်အကွာ ကျောက်မဆင်ချောင်း (ခ) မဒန်း ချောင်း၌ အဆိုပါကျေးရွာနေ ဦးထွန်းလင်း (၄၁)နှစ်သည် ကျွန်းသစ်လုံး(၁)လုံး ရေနစ်မြုပ်နေသည်ကို တွေ့ရှိရ၍ ရှေးဟောင်းသစ်ထွင်းလှေဟု ယူဆရသဖြင့် ကျေးရွာမှ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီး ကျေးရွာနေပြည်သူများနှင့်အတူ ဝိုင်းဝန်းတူးဖော်ခဲ့ရာ လှေ၏ အဖျားပိုင်း(၂၀)ပေခန့်သာ တူးဖော်ရရှိခဲ့ကြောင်း၊ အဆိုပါလှေမှာ လုံးပတ် (၉)ပေ (၅)လက်မခန့်၊ အရှည်(၅၀) ပေခန့်ရှိမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသောလှေပိုင်းအား ဆက်လက်တူးဖော်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN