ပုလဲ အောက်တိုဘာ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကမ္ဘာ့ဘဏ် ချေးငွေဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍ  စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစီမံကိန်း( Agriclture  Development  Support  Project ) အစီအစဉ်ဖြင့်   ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းဆင်းပွဲ  အခမ်းအနားကို     အောက်တိုဘာ    ၇ ရက် ၊ နံနက်က ကျင်းပခဲ့ ကြောင်း သိရသည်။

 

ရှေးဦးစွာ      တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ထက်နှင့်   မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်တို့က အမှာစကားပြောကြားခဲ့သည်။

 

ဆက်လက်၍    မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန     ဦးစီးအရာရှိ   ဦးဇော်ဝင်းစိုး ယနေ့ခေတ်မှာ နည်းပညာအရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ မျိုးကောင်းမျိုးသန့်များ သုံးစွဲမှု၊ စိုက်စနစ် ပြောင်းလဲမှုများကြောင့် သီးနှံများ၏ တစ်ဧက    အထွက်နှုန်း   တိုးတက်လာသော်လည်း   ရိတ်သိမ်းပြီးနောက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာများဖြစ်သော ရိတ်သိမ်းချိန်လွန် နည်းပညာ အားနည်းမှုနှင့်  သီးနှံများ လေလွင့်ဆုံးရှုံးမှုကြောင့် အရေအတွက်   လျော့နည်း   ပျောက်ဆုံးသကဲ့သို့    အရည်အသွေးပါ     ကျင်းဆင်းမှုများနှင့် ကြုံတွေ့ရကြောင်း ၊   အရည်အသွေး   ကျဆင်းမှုကြောင့် ဈေးကောင်း  မရခြင်း၊ နိုင်ငံတကာ  ဈေးကွက်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း  ကဲ့သို့သော   ဆုံးရှံးမှုများအပြင်   အစားအစာ    ဘေးကင်းလုံခြုံမှု မရှိ၍ ကျန်းမာရေးဆိုင်ရာ   နောက်ဆက်တွဲ    ဆိုးကျိုးများ  ခံစားနေရပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ သင်တန်းမှာ စိုက်ပျိုးရေး  ပညာရေးရှင်များ၏  ဆွေးနွေးပို့ချချက်များ ဖြစ်သော ရိတ်သိမ်းချိန်လွန် နည်းပညာများကို လေ့လာဆည်းပူးခွင့်    ရရှိကြသဖြင့် တောင်သူများ   ရင်ဆိုင်နေရသော ပြဿနာများကို ဖြေးရှင်းနိုင်မည်ဟု ယူဆရပါကြောင်း၊ သင်တန်းသူ၊သင်တန်းသား တောင်သူများအနေဖြင့် သင်တန်းက ရရှိတဲ့ အတွေ့အကြုံများကို အမိအရ ဖမ်းဆုပ်ပြီး မိမိတို့၏ စိုက်ပျိုးမှု သီးနှံများ အရည်အသွေး မြင့်မားပြီးနိုင်ငံတကာဈေးကွက်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သော  ဘေးကင်းလုံခြုံသော    အစားအစာများ ထုတ်လုပ် နိုင်ရေးကို ကြိုးစားဆောင်ရွက်စေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

8

 

ထိုနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်ထက်၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်း ပညာဌာနခွဲ(ရေဆင်း)၊ နေပြည်တော်မှ ဦးစီးအရာရှိ  ဒေါက်တာအိအိခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးနှင့် တာဝန်ရှိသူများက        သင်တန်းဆင်း   အောင်လက်မှတ်များကို ပေးအပ်ရာ   သင်တန်းသား၊  သင်တန်းသူ တောင်သူများက လက်ခံရယူ ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ( ၂ )ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်