နေပြည်တော် ၊ ၄ ဖေဖော်ဝါရီ
တောင်သူလယ်သမားဦးကြီးများ အပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင် ဆောင်ရွက်နေသူများ ၊ လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက် ရယူ အသုံးပြု လိုသူများ အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ၊ ပြန်ကြားရေး ဌာနစိတ်က တာဝန်ယူ ဆောင်ရွက်နေသည့် AGRI DIGIT NEWS ဝက်ဘ်ဆိုက်တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။
အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာဖြစ်သော www.agri.com.mm ၏ သတင်းကဏ္ဍတွင် နိုင်ငံတော် အကြီးအကဲများ ပြည်ထောင်စုအဆင့်ဝင် ပုဂ္ဂိုလ်များ၏ လယ်ယာကဏ္ဍဆိုင်ရာ ဆောင်ရွက်မှုများ၊ လမ်းညွှန်ချက်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၏ သတင်းထုတ်ပြန်ချက်များ၊ အနယ်နယ် အရပ်ရပ်က စိုက်ပျိုး မွေးမြူရေး ဆိုင်ရာသတင်းများ၊ နှိုးဆော် ကြေညာချက်များ ၊ ရုပ်မြင်သံကြားသတင်းများ၊ နည်းပညာဆိုင်ရာ ဆောင်းပါးများ အပါအဝင် လေ့လာစရာများစွာကို စုံလင်ဝေဆာစွာ ဖော်ပြထားရှိသည်။
အလားတူ စိုက်ပျိုးရေးဆိုင်ရာ သိလိုသမျှကို စိုက်ပျိုးရေးဦးစီးဌာန Call Center ဖုန်းနံပတ် ဝ၁-၂၃၉၉၅၅ ၊ ဝ၆၇ ၄၁၀၁၃၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြကြောင်း သိရသည်။
(သတင်းစဉ်)


