မင်းဘူး ၈ သြဂုတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုလားပါးကျေးရွာအုပ်စု၊ ကုလားပါးကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ကုန်ထုတ်လမ်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွား ကာစတင်အသုံးပြု နိုင်ပြီဖြစ်၍ ကျေးရွာရှိ တောင်သူများ၏ လယ်ယာထွက်ကုန်များ ကို ဈေးကွက်သို့ အချိန်မီပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကုလားပါး ကျေးရွာကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၈၁ ဒသမ ၉၁ သန်းဖြင့် ထွန်းကမ္ဘာလင်း ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လမ်းအရှည် (၁၃၉၃၇) ပေအကျယ် ၁၀ ပေတွင် မြေနီကျောက်စရစ် ၉ လက်မထုခင်းခြင်း လုပ်ငန်းတို့ကို ဖော်ဖော်ဝါရီ ပထမပတ်က ဆောင်ရွက်ခဲ့ရာ ယခုလုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း က ပြောသည်။
အဆိုပါကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှုနှင့် တောင်သူများအသုံးချနေမှုအခြေအနေကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း၊ ကျေးလက်ဦးစီး (ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကုလားပါကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက် ပေးမှုကြောင့် တောင်သူ ဦးရေ ၅၀ ခန့်ရဲ့ လယ်ဧက၂၀ဝ ကျော်အတွက် အကျိုးပြုနိုင်မှာဖြစ်ပြီး လယ်ယာထွက်ကုန် တွေကိုလည်း မင်းဘူး၊ မကွေး ဈေးကွက်များသို့ အလွယ်တကူ ထုတ်ယူပို့ဆောင်နိုင်တော့မှာ ဖြစ်ကြောင်း သိရသည်။
Source - ငြိမ်းသူ(စလင်း)


