မိုင်းကိုင် ၁၁ ဇွန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များ၊ လယ်ယာမြေဥပဒေပါ အချက်များကို ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဆွေးနွေးပွဲကို ဇွန် ၁၀ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က လယ်ယာမြေဥပဒေကို အတည်ပြုပြီးနောက်ပိုင်း ဥပဒေပါ အချက်အလက်များကို သိရှိလိုက်နာနိုင်စေရန်နှင့် ဗဟုသုတများ ပြန့်ပွားလာစေရန်အတွက် လယ်ယာမြေ ပိုင်ဆိုင်ခွင့်အကြောင်းကို သိရှိနားလည်စေရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် လွိုင်လင်ခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးဇော်မိုင်းက လယ်ယာမြေပိုင်ဆိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ငှားရမ်းခြင်းနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို ထပ်ဆင့်ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN