ကြို့ပင်ကောက် ၁၇ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် စက်မူလယ်ယာဦးစီးဌာန၊ အမှတ်(၃၂) စက်မှုလယ်ယာ စခန်းတွင် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံတောင်သူ ပညာပေး သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက် နေ့နံနက် ၉ ချိန်က ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးက ဒေသအတွင်း တိုးတက်များပြားလာသော စက်ကိရိယာများကို ပျက်ဆီးမှုနှုန်းနည်းနည်းဖြင့် ကြံ့ခိုင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန်၊ ဒေသအတွင်း အသက်မွေးဝမ်းကြောင်းပညာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန်၊ လယ်ယာလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကို ကာကွယ်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် အုတ်ဖိုမြို့နှင့် ကြို့ပင်ကောက် မြို့နယ်တို့မှ စိုက်ပျိုးရေးသုံးစက်ကိရိယာများ မောင်းနှင်အသုံးပြုနေသည့် တောင်သူ (၃၀)ဦး တတ်ရောက်၍ သာယာဝတီခရိုင် စက်မှုလယ်ယာ ဦးစီးဌာန သင်ကြားရေးအဖွဲ့နှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူး ဦးမင်းဆွေတို့က ထွန်စက်၊ ရိတ်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းချွေလှေ့စက်မောင်နှင်ခြင်း ၊လက်တွန်းထွန်စက်ကြံ့ခိုင် ထိန်းသိမ်းခြင်း ၊တစ်လုံးထိုး အင်ဂျင်ကျွမ်းကျင်စွာ ပြုပြင်ခြင်းတို့အား စာတွေ့လက်တွေ့ (၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)