ကျောင်းကုန်း ၁၃ ဇန်နဝါရီ
စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉)စက်မှုလယ်ယာစခန်း ကျောင်းကုန်းမြို့နယ်ရုံးတွင် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့မိမြို့ဖ ဦးတင်မောင် က မိမိတို့လယ်ယာလုပ်ငန်းတွင် အသုံးပြုမည့် စက်ကိရိယာတွေ မောင်းနှင်တတ်ဖို့ အရေးကြီးကြောင်း၊ သေသေချာချာ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ပုသိမ်ခရိုင် ဦးစီးမှူး ဦးမိုးကျော် ကဝန်ကြီးဌာန ရည်မှန်းချက်(၃)ရပ်ကို ရှင်းလင်းပြောကြားပြီး၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျောင်းကုန်းမြို့နယ်အတွင်းမှ သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ (၁၂)ရက်ကြာ ပို့ချပေးမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနရုံးက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)