၁၄ ဧပြီ
တောင်သူလယ်သမားဦးကြီးများအနေဖြင့် လယ်ယာလုပ်သား အခက် အခဲများကြောင့် လယ်ယာလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ် စေရန်နှင့် လယ်ယာကုန်ထုတ်လုပ်မှု မထိခိုက်စေရန်တို့အတွက် လူအင်အား အနည်းဆုံးဖြင့် စက်ကိရိယာများအသုံးပြု၍ ထွန်ယက်ရေး၊ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းခြွေလှူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ကြရန်အလို့ငှာ စက်မှု လယ်ယာဦးစီးဌာနက စွမ်းအားရှိသရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါ သဖြင့် နီးစပ်ရာ စက်မှုလယ်ယာစခန်းများတွင် လည်းကောင်း၊ အောက်ပါ ဖုန်းနံပါတ်များသို့ လည်းကောင်း ဆက်သွယ်အကူအညီရယူနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ
ညွှန်ကြားရေးမှူးချုပ် - ၀၉ ၅၀၀၇၅၇၆၊ ၀၆၇ ၃၄၃၁၂၁၀
ဒုတိယညွှန်ကြားရေးမှူးချုပ် - ၀၉၂၅၀ ၂၈၉ ၂၉၉၊ ၀၆၇ ၃၄၃၁၂၁၂
ညွှန်ကြားရေးမှူး(လုပ်ငန်း) - ၀၉ ၄၂၂ ၀၀၀ ၂၂၁
ညွှန်ကြားရေးမှူးချုပ်ရုံး - ၀၆၇ ၃၄၃၁၂၃၄
စက်မှုလယ်ယာဦးစီးဌာန (လုပ်ငန်းဌာနခွဲ) တိုင်းဒေသကြီးနှင့်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနရုံးများ မြို့နယ်စက်မှုလယ်ယာစခန်းများ - ၀၆၇ ၃၄၃၁၂၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန


