မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Geophysical Site Investigation(GSI) လုပ်ငန်းများ ကို Survey vessel: R/V PTSC Researcher (Call Sign: 3WJZ) ရေယာဉ်ဖြင့် (၁၄.၁၂.၂၀၁၉) ရက်နေ့မှ (၃၁.၃.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း (၂၈.၁၁.၂၀၁၉) ရက်စွဲ ဖြင့် ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေငြာထားပြီး ဖြစ်သော်လည်း ယခုအခါ လုပ်ငန်း အခြေအနေအရ မူလတင်ပြခဲ့သည့် တည်နေရာများအတိုင်း လုပ်ငန်းဆောင်ရွက်ရန် လုံလောက် မှု မရှိပါသဖြင့် အဆိုပါ လုပ်ကွက်အမှတ် M-9 တွင်ပင် တည်နေရာများ ထပ်မံတိုးချဲ့ တိုင်းတာ ရန်နှင့် တိုင်းတာရေးလုပ်ငန်းများအား Point 1. Prospect. M9-ZTK-02/03/04 မြောက်လတ္တီ တွဒ် ၁၃ ဒီဂရီ ၅၄ မိနစ် ၅၉ ဒသမ ၇၆၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၉ မိနစ် ၄၈ ဒသမ ၈၇၀ စက္ကန့်၊ Point 2. M9-ZTK-21/22 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၁ မိနစ် ၄၆ ဒသမ ၅၆၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၃ မိနစ် ၁၇ ဒသမ ၄၈၀ စက္ကန့်၊ Point 3. M9-KKN-30 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၄ မိနစ် ၃၅ ဒသမ ၃၅၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၄၆ ဒသမ ၄၉၀ စက္ကန့်၊ Point 4. M9-GTK-34/34A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၈ မိနစ် ဝ၆ ဒသမ ၆၆၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၈ မိနစ် ၂၁ ဒသမ ၈၃၀ စက္ကန့်၊ Point 5. M9-KKN-33 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၅ မိနစ် ဝ၇ ဒသမ ၅၅၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၉ မိနစ် ၁၇ ဒသမ ၁၃၀ စက္ကန့် တွင် (၃၁.၃.၂၀၂၀) ရက်နေ့မှ (၁၄.၄.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ (၃၁.၃.၂၀၂၀) ရက်နေ့မှ (၁၄.၄.၂၀၂၀) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက် နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင် တည်နေရာ များမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။
(သတင်းစဉ်)