ဖရန့်ဖာ့တ် ဇူလိုင် ၈
ဂျာမနီ ဇိမ်ခံမော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ မာစီဒီး-ဘင့်ဇ်က ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ပုံမှန်လူစီးကား ရောင်းအားကျဆင်းခဲ့သော်လည်း လျှပ်စစ်ကား (EV) ရောင်းအားမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဥရောပဈေးကွက်တွင် လျှပ်စစ်ကားရောင်းအားသည် အစီးရေ ၄၃၅၀၀ ရှိကာ ၈၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဂျာမနီဈေးကွက်တွင်လည်း ရာနှုန်းပြည့်နီးပါး မြင့်တက်ခဲ့သည်။
ဆင်ဟွာ


