၂၁ ဧပြီ

 

မာဒါဂါးစကားနိုင်ငံ သမ္မတအန်ဒရီ ရာဂျိုးလီနာက ရိုးရာသဘာဝဆေးရည်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသပျောက်ကင်းနိုင်တယ်ဆိုပြီး အသိအမှတ်ပြုပေး လိုက်ပါတယ်။

 

အိန္ဒိယသမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံလေးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ ၁၂၁ ဦးရှိပေမယ့် သေဆုံးသူမရှိသေးကြောင်း သိရပါတယ်။

 

သမ္မတကိုယ်တိုင် အဲဒီဆေးရည်ကို သောက်ပြီး အသိအမှတ်ပြုပေးတာဖြစ်ပါတယ်။ ဆေးရည်ကို ကိုဗစ်-အော်ဂင်းနစ်လို့ နာမည်ပေးထားကြောင်း၊ အဲဒီဆေးကို အခုစမ်းသပ်ပြီးကြောင်းနဲ့ ဒီဆေးရည်နဲ့ လူနှစ်ဦးကို ကုသပေးပြီးကြောင်း၊ အဲဒီဆေးရည်ဟာ မာဒါဂါးစကား သုတေသနဌာန (IMRA) က ထုတ်လုပ်ကြောင်း   ဖွင့်ပွဲကို တက်ရောက်လာတဲ့ ဝန်ကြီးတွေ၊ သံတမန်တွေနဲ့ သတင်းထောက်တွေကို ပြောပါတယ်။

 

mdn

 

ဒါ့အပြင့် ရိုးရာဆေးရည်က ၇ ရက်အတွင်း ရလဒ်ကို ပေးနိုင်ကြောင်းပြောပြီး  သမ္မတကိုယ်တိုင်က သောက်ပြီး အတည်ပြုဖွင့်လှစ်ပေးလိုက်ပါတယ်။

သုတေသနဌာန (IMRA) ရဲ့ အပြောအရ ဆေးရည်မှာ ငှက်ဖျားရောဂါ ကုသနိုင်တဲ့ ဆေးမြစ်နဲ့ တခြားဆေးမြစ်တွေ ပါဝင်ကြောင်း သိရပါတယ်။

 

သမ္မတက အခုဆေးရည်ကို ကျောင်းသားတွေကို တိုက်ကျွေးရန်နဲ့ မာဒါဂါးစကား ပြည်သူတွေကို စောင့်ရှောက်ရမှာ သူ့တာဝန်ဖြစ်တယ်လို့ ပြောကြားပါတယ်။

 

အဲဒီဆေးရည် မိတ်ဆက်ပေးပွဲကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တက်ရောက်ခြင်းမရှိဘဲ အဲဒီဆေးရည်က ဗိုင်းရပ်စ်ကို ကုသနိုင်တယ်ပြောခြင်းဟာ လူတွေကို အန္တရာယ်များစေတယ်လို့ ဆိုပါတယ်။

 

အမေရိကန် ရောဂါကာကွယ်ရေးဗဟိုကလည်း အဲဒီဆေးရည်ဟာ သိပ္ပံနည်းကျ သက်သေအထောက်အထား မရှိကြောင်းနဲ့ သောက်သုံးသူတွေတောင် လုံခြုံမှု မရှိနိုင်ကြောင်း ပြောပါတယ်။

 

 MDN

ကိုးကား - AFP