၂၈ မတ်

 


ဗင်နီဇွဲလား၏သမ္မတ နီကိုလ်စ်မာဒူရိုအပေါ် ဖိအားထပ်ပေးမည့်  အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများလုပ်ဆောင် ရန် အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွာဒိုက တောင်းဆိုခဲ့သည်။

 

ေ

 

ကြားဖြတ်သမ္မတအဖြစ် ကိုယ့်ကိုကိုယ်ကြွေးကြော်ခဲ့သူ အမျိုးသားလွှတ်တော် အကြီးအကဲ ဂျူအန်နှင့် ဗင်နီဇွဲ လားသမ္မတ မာဒူရိုတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံ၌ ကစဉ့်ကလျားအခြေအနေတစ်ရပ် ဖြစ်ပေါ်လျက်ရှိသည်။ ရုရှားနှင့် တရုတ်က မာဒူရိုကို  ထောက်ခံပြီး အမေရိကန်ပြည်ထောင်စုက ဂျူအန်ကို ထောက်ပံ့ပေးသည်။

 

“လွတ်လပ်မှုစစ်ဆင်ရေး” ဆန္ဒပြပွဲအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ဗင်နီဇွဲလားနိုင်ငံတစ်ဝန်းရှိ နေရာ ၃၀ တွင် ဆန္ဒပြပွဲများ စနေနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဂျူအန်ကက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

 


ယခုအပတ်အစောပိုင်းတွင် ဂျူအန်ကို ထောက်ခံသူများက အမျိုးသားလွှတ်တော်နှင့် မာဒူရိုကို ထောက်ခံသူများ ၏ မော်တော်ကားများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သည်။ 

 


မာဒူရိုက ရဲတပ်ဖွဲ့ကို ထိန်းချုပ်ထားပြီး အတိုက်အခံများနှင့် အတိုက်အခံများကို ထောက်ခံသူများအပေါ် အကြမ်းဖက်မှုလုပ်ရပ်များ ရပ်တန့်ရန် မည်သို့မျှလုပ်ဆောင်ခြင်းမရှိကြောင်း ဂျူအန်က ပြောကြားသည်။

 

န

 

အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ခြင်းဖြင့် မာဒူရိုအစိုးရအပေါ် ဖိအားပေးမှုကို အရှိန်မြှင့်ခဲ့သည်။
မာဒူရိုအပေါ် ထပ်မံဖိအားပေးမည့် တစ်နိုင်ငံလုံး ဆန္ဒပြပွဲများနှင့်အတူ အခက်အခဲကိုကျော်လွှားနိုင်မည်ဟု ဂျူအန်က မျှော်လင့်လျက်ရှိကြောင်း လေ့လာသူများက ပြောသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်