တိုကျို ဧပြီ ၆
မာဇဒါက အရှေ့အလယ်ပိုင်းအတွက် ရည်ရွယ်ထားသော ပြည်တွင်းကားထုတ်လုပ်မှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားပိတ်လိုက်ခြင်း၏ အကျိုးသက်ရောက်မှုများအပြီး ယခုလို မာဇဒါက ကြေညာလိုက်ခြင်းဖြစ်သည်။
ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီသည် နှစ်စဉ်နှစ်တိုင်း ဆော်ဒီအာရေဗျ၊ အစ္စရေးနှင့် တခြားဒေသများသို့ ကားစီးရေ ၃၀၀၀၀ ကျော် တင်ပို့ခဲ့သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခစတင်ဖြစ်ပွားချိန်ကတည်းက ကုမ္ပဏီသည် ထုတ်လုပ်မှုအဆင့်ကို မပြောင်းလဲဘဲ ထိန်းသိမ်းထားသည်။ ကားကုမ္ပဏီသည် ဟော်မုဇ်စစ်ဆေးရေးဂိတ်ကို ရှောင်ရှားနိုင်ရန် ဖြစ်နိုင်သမျှသော သင်္ဘောလမ်းကြောင်းများကို ရှာဖွေခဲ့သည်။
သို့သော်လည်း ကားစီးရေသိုလှောင်မှုတိုးပွားလာသောကြောင့် ကုမ္ပဏီသည် ဧပြီလနှင့် မေလတွင် အရှေ့အလယ်ပိုင်းအတွက် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြထားသည်။ အခြေအနေပေါ်မူတည်၍ မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို ကုမ္ပဏီက ဆုံးဖြတ်သွားမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းသို့ ကားတင်ပို့မှု ရပ်ဆိုင်းလိုက်သော်လည်း ဂျပန်နိုင်ငံတွင် ထုတ်လုပ်သော စုစုပေါင်းကားထုတ်လုပ်မှုကို ထိခိုက်မည်မဟုတ်ဟု သတင်းရင်းမြစ်များက ပြောသည်။ ကုမ္ပဏီသည် ဝယ်လိုအားမြင့်တက်နေသည့် ဥရောပနှင့် အခြားဈေးကွက်များအတွက် ထုတ်လုပ်မှုကို တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။
ပဋိပက္ခကြားတွင် တိုယိုတာကားထုတ်လုပ်ရေးကုမ္ပဏီသည် မတ်လတွင် အရှေ့အလယ်ပိုင်းအတွက် ကားစီးရေ ၂၀၀၀၀ ခန့် လျှော့ချခဲ့သည်။ ဧပြီလတွင် လည်း စီးရေ ၂၄၀၀၀ ကို လျှော့ချမည်ဖြစ်သည်။ နစ်ဆန်းကားကုမ္ပဏီသည် မတ်လတွင် ကားစီး ရေ ၁၂၀၀ ခန့် လျှော့ချထုတ်လုပ်ခဲ့ပြီး ဧပြီလတွင် အကြမ်းဖျင်းအားဖြင့် အလားတူလျှော့ချထုတ်လုပ်မှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ


