မာလာဝီနိုင်ငံ၌ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၄၉၉ ဦးရှိလာ

မတ် ၂၁

မာလာဝီနိုင်ငံ၌ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖရက်ဒီတိုက်ခတ်မှုကြောင့် မတ်လ ၁၉ ရက်ညနေက သေဆုံးသူ ၄၇၆ ဦးရှိရာမှ ယမန်နေ့ညနေတွင် သေဆုံးသူ ၄၉၉ ဦးအထိရှိလာကြောင်း သိရသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက်သည် ၄၉၀၀၉၈ ဦးမှ ၅၀၈၂၄၄ ဦး အထိမြင့်တက်လာသည်။ ယာယီနားခိုရေးစခန်းများဖွင့်လှစ်ပေးထားသည်မှာ ၅၃၄ ခုရှိလာပြီဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအကြီးအကဲချားလတ်ကာလမ်ဘာက ပြောကြားသည်။

ထိုမုန်တိုင်းတိုက်ခတ်မှုမှ ဒဏ်ရာရရှိသူ ၉၁၈ ဦးမှ ၁၃၃၂ ဦး အထိရှိလာပြီး ပျောက်ဆုံးနေသူ ၃၄၉ ဦး ရှိရာမှ ၄၂၇ ဦးအထိရှိလာသည်ဟု သိရသည်။ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ယင်းမုန်တိုင်းတိုက်ခတ်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် အရှေ့ပိုင်းဒေသတွင် ခရိုင်သုံးခုနှင့် တောင်ပိုင်းဒေသတွင် ခရိုင်နှင့်မြို့အရေအတွက်သည် ကနဦးတွင် ၁၂ ခုရှိရာမှယခုအခါ ၁၅ ခုရှိလာကြောင်း ဖော်ပြထားသည်။

တောင်အာဖရိကဖွံ့ဖြိုးတိုးတက်ရေးအသိုက်အဝန်းက မာလာဝီနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ သဘောတူခွင့်ပြုခဲ့သည်ဟု ဒေသတွင်းအုပ်စု အလုပ်အမှုဆောင်အတွင်းရေးမှူး အီလီရတ်မာဂိုစီက ယမန်နေ့ကထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို