မာလီစစ်သားများ တိုက်ခိုက်ခံရမှုအပေါ် အယ်လ်ဂျီးရီးယားပြစ်တင်ရှုတ်ချ

၁၇ ဇွန်

 

မာလီအလယ်ပိုင်းရှိ ရွာတစ်ရွာတွင် စစ်ဘက်ဆိုင်ရာ ယာဉ်တန်းများ ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရသဖြင့် စစ်သား ၂၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုကို အယ်လ်ဂျီးရီးယားက ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Abdelaziz Benali Cherif က APS သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

 

နိုင်ငံနှင့်ပြည်သူများကို ကာကွယ်ရန်အတွက် အသက်စွန့်ခဲ့သော လုံခြုံရေးတပ်ဖွဲများနှင့် မာလီစစ်တပ်ကို ဦးညွှတ်ဂါရဝပြုကြောင်းနှင့် သေဆုံးသွားသော မာလီစစ်သားများ၏ မိသားစုဝင်များကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အစိုးရနှင့်မာလီပြည်သူများ စည်းလုံးညီညွတ်မှု ပြန်လည်ရရှိအောင် ပြုလုပ်ကြမည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

ဘူကာဝဲရားတွင် စစ်တပ်ယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခံရသဖြင့် စစ်သား ၂၄ ဦး သေဆုံးခဲ့ကြောင်း မာလီစစ်တပ်က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို