၄ ဩဂုတ်

 

 

ကုလသမဂ္ဂ တပ်ဖွဲ့များ တပ်ဖြန့်ချထားသည့် မာလီနိုင်ငံမြောက်ပိုင်း ဂါအိုမြို့သို့ ကုလသမဂ္ဂ လေယာဉ်တစ်စီး ယမန်နေ့ မနက်ပိုင်းက ဆင်းသက်ခဲ့ရာ လေယာဉ်ပြေးလမ်း လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း မာလီရှိ ကုလသမဂ္ဂ ဘက်စုံပေါင်းစည်းထားသည့် တည်ငြိမ်ရေးမစ်ရှင်(MINUSMA)က သတင်းထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။

 

 

ခရီးသည်လေးဦး၊ ကုလသမဂ္ဂ ဝန်ထမ်းများ အားလုံးနှင့် လေယာဉ်အမှုထမ်း ခုနစ်ဦး အပါအဝင် ၁၁ ဦး လိုက်ပါလာသည့် MINUSMA လေယာဉ်သည် ဂါအိုလေဆိပ်တွင် ဆင်းသက်မှု ပြုလုပ်ခဲ့ရာ လေယာဉ် အမှုထမ်းတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြား ၁၀ ဦး မှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်ဟု ထိုကုလသမဂ္ဂမစ်ရှင်က ပြောကြားသည်။

 

 

မတော်တဆမှု ဖြစ်ပွားရာ နေရာတွင် တွေ့ရသော ပုံများအရ UN စာသားရေးထားသော Antonov An-72 လေယာဉ်သည် အကြီးအကျယ် ပျက်စီးသွားခဲ့သည်။

 

 

ထိုမတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန့်ပေးမည်ဟု (MINUSMA)က ဆိုသည်။

 

 

ဒဏ်ရာရရှိသူများကို အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ အဆောက်အဦများသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့သည်ဟု (MINUSMA)က ထပ်လောင်း ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို