မာန်အောင် နိုဝင်ဘာ ၁၅

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁-ခုနှစ် နိုဝင်ဘာလ(၂၈)ရက်တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲကို ယနေ့ မွန်းတည့် ၁၂နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲတွင် မူလတန်းအဆင့် ဒုတိယတန်းနှင့် တတိယတန်းမ ှကျောင်းသား/သူ(၁၀)ဦးက ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

 

သိန်းဖေ(ပြန်/ဆက်)