မာန်အောင်၊  ၁ ဇန်နဝါရီ

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ဟင်းသီးဟင်းရွက်စျေးကို မြို့မစည်ပင်သာယာစျေးအတွင်းတွင် ယနေ့နံနက်ပိုင်းကစတင်ကာ ပုံမှန်ပြန်လည်ရောင်းချလျက်ရှိသည်။

မာန်အောင်မြို့နယ်စည်ပင်သာယာစျေးတွင် သား၊ငါးစျေးနှင့် ဟင်းသီး၊ဟင်းရွက်စျေးရှိရာ ကိုဗစ်-၁၉ ရောဂါကာလတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေးတို့အတွက် ဟင်းသီး၊ဟင်းရွက်စျေးကို ယာယီပျံကျစျေးအဖြစ် မြို့မရပ်ကွက်၊ စစ်တပ်ကုန်းနေရာ၌ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချစေခဲ့ပြီး သားငါးစျေးကို စည်ပင်သာယာစျေးတွင် ရောင်းချလျက်ရှိခဲ့ရာ ယခုအခါဟင်းသီးဟင်းရွက်စျေးကို ယခင်ရောင်းချခဲ့သောစည်ပင်သာယာစျေးအတွင်းသို့ ပြန်လည်ပြောင်းရွှေ့ရောင်းချလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)