မာန်အောင်   မတ်   ၁၉

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို မတ် ၁၉ ရက်က သက်ဆိုင်ရာ စာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် စာစစ်ဌာနငါးခုရှိပြီး ကျောင်းတွင်း ဖြေဆိုသူ ကျောင်းသား ၂၅၄ ဦး၊ ကျောင်းသူ ၃၄၇ ဦး၊ ပြင်ပမှဖြေဆိုသူ ကျောင်းသား ၂၇၆ ဦး၊ ကျောင်းသူ ၃၈၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၂၆၃ ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)