နေပြည်တော် ဇူလိုင် ၂၉
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို ပြသရန်၊ မြန်မာနိုင်ငံ သည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထားပူဇော် အောင်မြင်မှုအထိမ်းအမှတ်အဖြစ် “အဉ္ဇလီအငြိမ့်” ဖျော်ဖြေပွဲကို ဇူလိုင် ၃၁ ရက် (တနင်္လာနေ့) ည ၈ နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ် သည်။
ယင်းဖျော်ဖြေမှုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ အသံလွှင့်ဌာနခွဲမှ ဦးစီးအရာရှိ ဦးစောမင်းနောင်က စီစဉ်ပြီး အနုပညာအကြံပေး ပေါ်ဦး၊ ခေါင်းဆောင်မင်းသမီး ဝင်းသပြေထွန်း၊ ရှေ့ထွက် မင်းသမီး ဖူးဧကရီဆောင်း၊ လူရွှင်တော် များဖြစ်ကြသည့် စောမင်းနောင်၊ ကျော်မင်းစိုး၊ ဇင်ဝိုင်း၊ မျိုးကျော် သူ၊ စိုင်းစည်သူနှင့် ရှင်းခန့်သာတို့၏ တင်ဆက်မှုနှင့် အတူ မြန်မာ့အသံဆိုင်းဝိုင်းကြီး၊ KB ဘိုဌေးတို့က တီးခတ်ဖျော်ဖြေကြမည်ဖြစ်သည်။
သတင်းစဉ်