တပ်ကုန်း ဖော်ဖော်ဝါရီ ၈
ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်ပူဇော်လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက်အလယ်ဗဟို၏ဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်ရန်အတွက် စေတနာရှင်မိသားစုများမှ ရတနာပစ္စည်းလာရောက် လှူဒါန်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်နေ ကွယ်လွန်သူ မိခင်ကြီး ဒေါ်ဝင်းအားရည်စူး၍ ဦးမြင့်ဦးနှင့် သားသမီးမြေးမိသားစုမှ ရွှေချိန် (၄ပဲ၆.၈ရွေး) ရှိ နားကပ်တစ်ရံအား တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနိုင်လင်း၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းနှင့် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးတို့ကလက်ခံ၍ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်ပူဇော်လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အလှူခံဌာနသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)