နေပြည်တော်     မတ်     ၃

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ်  သာသနာတော်ဆိုင်ရာ   ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဘွဲ့ခံ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် ဘွဲ့ခံလူပုဂ္ဂိုလ်များက ယနေ့ညနေပိုင်းတွင် သွားရောက်လေ့လာဖူးမြော် ကြည်ညိုကြသည်။

 

ဦးစွာ    ဘွဲ့ခံဆရာတော်ကြီးများ၊   သီလရှင် ဆရာကြီးများနှင့် ဘွဲ့ခံလူပုဂ္ဂိုလ်များအား ရှင်းလင်း ဆောင်၌       ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ် ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား   အဆင့်ဆင့် တူးဖော်ခြင်းနှင့်  ကျောက်တုံးတော်များအား ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃/၄)တို့အား  ထုဆစ်ခြင်း၊ ပလ္လင်တော်ထက်သို့ ပင့်ဆောင် နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့်၊ ပင့်ဆောင်နေရာချထား ခြင်းလုပ်ငန်း    အဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိကအဆောက်အအုံ စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အအုံများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းလျှောက်ထားသည်။

 

ထို့နောက် ကြွရောက်လာကြသော ဘွဲ့ခံဆရာ တော်ကြီးများနှင့်    သီလရှင်ဆရာကြီးများ၊   ဘွဲ့ခံ လူပုဂ္ဂိုလ်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိက အဆောက်အအုံများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြ သည်။

 

ယင်းနောက်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းများအတွက် အလှူငွေကျပ်သိန်း  ၁၀၀၀  ကို  လောက်ကိုင်မြို့ ပယ်စိမ်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဘေရင်နယ်(ခ) ဦးခင်မောင်လွင်က ပေးအပ်လှူဒါန်းရာ  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်း ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်   ဦးစိုးလွင်ကျော်က လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ   ပြန်လည်ပေးအပ်ကြောင်း သိရသည်။

သတင်းစဉ်