နေပြည်တော်၊ ဇူလိုင် ၁

တံတားဦးစီးဌာနမှ အင်ဂျင်နီယာချုပ်များ ဦးဆောင်သော တိုင်းဒေသကြီးနှင့်ပြည်နယ် လုပ်ငန်းခွင်ရုံးများမှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) များ ပါဝင်သည့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ထား ကိုးကွယ်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ကျောက်စာရုံ စေတီများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်တို့နှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကာ အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။  

သတင်းစဉ်