ချောက် ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဋ္ဌာပနာတော်ထပ်မံထည့်သွင်းလှူဒါန်းပူဇော်နိုင်ရေး စုပေါင်းလှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချောက်မြို့နယ်အဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်နိုင်ရေး အတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊လုပ်ငန်းရှင်များ၊စေတနာရှင်၊အလှူရှင်များ စုပေါင်း ၍ ပထမအကြိမ် အလှူငွေကျပ် ၁၅၅၂၀၀၀ ကိုလည်းကောင်း၊ ဒုတိယအကြိမ်ငွေကျပ် ၃၁၉၃၀၀၀ ကိုလည်း ကောင်း၊ စုစုပေါင်းငွေကျပ် ၄၇၄၅၀၀၀ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သက်ဆိုင်ရာတာဝန်ရှိသူများထံ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)