ကျောက်တံခါး  ၃  စက်တင်ဘာ 

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် မဲစာရင်းပြုစုခြင်းဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာ အကြိုသင်တန်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

သင်တန်းတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး မဲစာရင်းပြုစုခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရွေးကေက်ပွဲဆိုင်ရာ သိသင့်သိထိုက်သော အကြောင်းအရာများကို ရှင်လင်း ဆွေးနွေးခဲ့သည်။

 

သင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း (၁၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)

 

ါ္မ