မန္တလေး ၂၇ စက်တင်ဘာ

 

မဲစာရင်းများ ကွန်ပျူတာစာရင်းသွင်းသည့် ဆရာ၊ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁နာရီက ချမ်းအေးသာစံမြို့နယ် လမ်း၈၀၊ ၃၀လမ်းနှင့် ၃၁လမ်းကြားရှိ ..က (၁၅) သိင်္ဂီဆောင်၌ ကျင်းပသည်။

 

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးရှိန်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဒေါက်တာမြတ်သစ်က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားကာ ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ..က() ..က(၁၄) ..က(၁၅) ..က(၂၂) ..က() ..က() ..က(၁၉) ..က(၂၃) ..က() ..က(၁၆)မှ မဲစာရင်းများ ကွန်ပျူတာစာရင်းသွင်းသည့် ဆရာ၊ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့သည်။

 

ထို့နောက် ချမ်းအေးသာစံမြို့နယ် ပညာရေးမှူး ဦးထွန်းမြင့်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးသည်။

 

 

 တင်ဇာလှိုင် (ပြန်/ဆက်)