- မဲဆန္ဒနယ်တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များ၏ မဲစာရင်းတွင် မိမိ၏ အမည်ပါရှိနေပါက မိမိ မဲပေးလိုသည့် မဲဆန္ဒနယ်တွင် မဲပေးနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြဆောင်ရွက်ရန်၊ မဲဆန္ဒနယ်တစ်ခုအတွင်းတွင်ရှိသော ရပ်/ကျေး တစ်ခုထက်ပိုသည့် မဲစာရင်း များတွင် မိမိ၏ အမည်ပါရှိနေပါက မိမိမဲပေးလိုသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် မဲပေးနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြဆောင်ရွက်ရန်၊
- ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့လိုသည့်အခါ ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ ၂၆ (၂)နှင့် နည်းဥပဒေ ၂၇ (၁)တို့အရ ထုတ်ပေးသော ပုံစံ (၁၀) သို့မဟုတ် (၉၀/၁/န(သ)) နှင့်အတူ လက်ရှိ မဲဆန္ဒနယ်စာရင်း၌ မိမိအမည်ကို ပယ်ဖျက်၍ အခြားမဲဆန္ဒနယ်သို့ ပြောင်းရွေ့ပေးရန် တောင်းဆိုလွှာ ပုံစံ(၄-က)ဖြင့် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်း ဆောင်ရွက်ရန်၊
- အပိုဒ်ခွဲ(ဆ)အရ ဆောင်ရွက်ပြီးနောက် မိမိ၏အမည်ကို မဲစာရင်းမှ ပယ်ဖျက်ပြီးကြောင်း အထောက်အထားဖြစ်သည့် ပုံစံ(၄-၁)ကို ယင်း ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲမှ ရယူရမည်။ ထို့နောက် မိမိပြောင်းရွှေ့ရောက်ရှိသည့် နေရာ၏ အိမ်ထောင်စုဇယားနှင့် ပုံစံ(၄-၁)တို့ ပူးတွဲ၍ တောင်းဆိုလွှာ ပုံစံ(၃)ကို မိမိပြောင်းရွှေ့နေထိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်း လျှောက်ထားရန်၊
- အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေပြီး မိမိ၏ အမြဲတမ်း နေရပ်သို့ ပြန်လည်ပြီး မဲပေးလိုခြင်းမရှိပါက မိမိရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုလွှာ ပုံစံ(၃-က)ဖြင့် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့သို့ တင်ပြလျှောက်ထားရန်။