နေပြည်တော် နိုဝင်ဘာ ၁
သရက်ခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများအား ဥပဒေနှင့်အညီ အောက်တိုဘာလကုန်ထိ လစဉ်စိစစ် ပြုစုထားသည့် လူဦးရေ စာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် သရက်ခရိုင်အတွင်းရှိ သရက်မြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှ မြို့နယ်တို့ရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက် ထားရှိမှုများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သရက်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သရက်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက သရက်မြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် မင်းလှမြို့နယ်များ၏ အခြေခံမဲဆန္ဒရှင်စာရင်း များလစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး အောက်တိုဘာလအထိတင်ပြရာ -
(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စိစစ်ချက်အရ
(က) သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှလျော့သည့် လူဦးရေ ၁၅၈၈ ဦး
( ခ) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုးလူဦးရေ ၃၇၂ ဦး
( ဂ) အောက်တိုဘာလအတွင်း မြေပြင်လူဦးရေ ၃၇၁၀၇၅ ဦး
(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ
(က) မြေပြင်ထပ်တိုး
- ပုံစံ(၆၆/၆) ရှိသူ (၁၉၁၃)ဦး
- ပုံစံ(၆၆/၆) အခြားနှင့် (၆၆/၆)မရှိသူ (၈၈၅)ဦး
စုစုပေါင်းမြေပြင်ထပ်တိုး (၂၇၉၈)ဦး
( ခ) မြေပြင်တွင်လျော့သည့်ဦးရေ
- ပုံစံ(၆၆/၆) ရှိသူ (၂၅၉၉)ဦး
- ပုံစံ(၆၆/၆) အခြားနှင့် (၆၆/၆)မရှိသူ (၁၇၄)ဦး
စုစုပေါင်းမြေပြင်လျော့သည့်ဦးရေ (၂၇၇၃)ဦး
မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု ၄၅၈ ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။
၎င်းနောက် တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမင်းမင်းဦး တို့က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်မှာကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်